Academics
INTRODUCTION OF LECTURE
အသင်တော် သမိုင်း
အသင်းတော်သည် ခရစ်တော်၏ ကိုယ်ဖြစ်ပြီး ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်ပါတယ်။ ဘုရားသခင်သည် ကောင်းကင်နိုင်ငံ၏ အမျိုးမျိုးသော ဥာဏ်ပညာများကို အသင်းတော်အားဖြင့် သင်ယူစေပြီး၊ သူ၏ အစွမ်းတန်ခိုးနှင့် ကျွန်ုပ်တို့အား တန်ဖိုးရှိသော ဝိညာဉ်အသီးများကို သီးနိုင်သော အခွင့်ရရှိစေပါတယ်။
ယခင်တုန်းက၊ လွတ်လပ်စွာ ကျမ်းစာဖတ်ခြင်း၊ ဝတ်ပြုစည်းဝေးခြင်း၊ နှုတ်ကပတ်တော်ဟောပြောခြင်း နှင့် တစ်ဦးနှင့်တစ်ဦး မိဿဟာယဖွဲ့ခြင်း အခွင့်များ မရှိခဲ့ပါ။ ဤဧဝံဂေလိတရားနှင့် အသင်းတော်ကို ကာကွယ်ရင်း ဧဝံဂေလိတရား အစေခံများတို့၏ အသက်စတေးခံခဲ့ခြင်း၊ အကျဥ်းချခံရခြင်း၊ ညှဥ်းပန်းနှိပ်စက်ခံရခြင်း နှင့် ဘဝကို အရှုံးခံပေးခဲ့ခြင်း များကြောင့် ယနေ့ ကျွန်ုပ်တို့ ဘုရားသခင် ကို လွတ်လပ်စွာ ချီးမွမ်းနိုင်ခြင်း၊ နှုတ်ကပတ်တော် ဝေမျှနိုင်ခွင့်နှင့် မိဿဟာယဖွဲ့နိုင်ခွင့်ရရှိ နေနိုင်တာ ဖြစ်ပါတယ်။ အသင်းတော် သမိုင်းကို အတူတကွ သင်ယူရင်း တန်ဖိုးရှိတဲ့ ဧဝံဂေလိတရားနှင့် အသင်းတော်ကို ခံစားရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အသင်းတော်သမိုင်းကြောင်း သင်ခန်းစာများသည် အဓိကအရေပါသော အသင်းတော်သမိုင်း နှင့် ဧဝံဂေလိ အမှုတော်ဆောင်များ၏ ဘဝခြေလှမ်းများ အကြောင်း ကိုသင်ကြား ပို့ချပေးမှာဖြစ်ပါတယ်။ တန်ဖိုးရှိသော ယုံကြည်သူခရစ်ယာန်များနှင့် လင်းလက်တောက်ပ နေသော ကြယ်များကဲ့သို့ လှပသော သူတို့၏ ဘဝအသက်တာအကြောင်းကို သင်ယူကြရင်း ဘုရားရှင် ထံတော်မှ ကျေးဇူးတော် နှင့် ချစ်ခြင်းမေတ္တာ မိတ်ဆွေတို့ စိတ်နှလုံးထဲ စီးဝင်ပြည့်ဝလာစေဖို့ မျော်လင့်ပါတယ်။

PROFESSOR
Pastor Han Kyu Lee
-
Senior Pastor at Good News Wonju Church, Korea
-
Secretary General of Korea Christians Association (KCA)
-
Author of books, ‘Remember the Creator’, ‘Who Makes the Heretics’
