မိတ်ဆက်
နိဒါန်း
Good News Theology School အကြောင်း မိတ်ဆက်
၁၉၇၆ ခုနစ်မှာ Pastor Ock Soo Park မှ စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာနှင့်တဝှမ်းဧဝံဂေလိဟောပြောသူ အမှုတော် ဆောင်များနှင့် သာသနာပြုအယောက်ပေါင်း ထောင်ချီပြီးတက်ရောက်တဲ့ ကျမ်းစာကျောင်းဖြစ်ပါတယ်။ ရှင်လုကာခရစ်ဝင် ၂၄း၄၇ မှာ ဖော်ပြထားတဲ့အတိုင်း စစ်မှန်တဲ့ ဧဝံဂေလိတရားဖြစ်တဲ့ နောင်တရခြင်းတရားနဲ့ အပြစ်လွတ်ခြင်းတရားကို အထူးအလေးထားပြီး ကျမ်းစာသင်ကျောင်းမှ စစ်မှန်တဲ့ဧဝံဂေလိတရားအားဖြင့် အပြစ်နွံထဲ ကျရောက်နေတဲ့ ကမ္ဘာကြီးအတွက် အလင်းဖြစ်စေမဲ့ အနာဂါတ်ရဲ့ အမှုတော်ဆောင်များကို လေ့ကျင့်ပျိုးထောင်ပေးဖို့ ရည်ရွယ်ပါတယ်။ ယနေ့ မျက်မှောက်ကာလမှာ ခရစ်ယာန်ဘာသာရေးဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရ ပါတယ်။ အသင်းတော်အများစုက သမ္မာကျမ်းစာထဲမှာပါရှိတဲ့ ယုံကြည်ခြင်းတရားနဲ့ အဆက်အသွယ် ပြတ်နေပြီး အသင်းတော်ကို သွားရောက်ဝတ်ပြုတဲ့ ပျမ်းမျှ အသက်အရွယ်တွေဟာ သက်ကြီးပိုင်းတွေ ဖြစ်လာနေပါတယ်။ ဒါ့အပြင် အသင်းတော်အများစုဟာလည်း တစနဲ့ တစပျောက်ကွယ်စပြုလာပါတယ်။ဒီလိုအဖြစ်အပျက်တွေ ဖြစ်လာရခြင်းကတော့ အသင်းတော်တွေနဲ့ သင်းအုပ်ဆရာတွေက ဘုရားသခင်နဲ့ဆက်သွယ်ပြီး ဘုရားသခင်ထံမှစစ်မှန်တဲ့ ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော် လက်ခံရရှိဖို့ရန်ထက် လူရဲ့ကြိုးစားခြင်းအားဖြင့် ဘုရားသခင်ထံမှ ကျေးဇူးတော်လက်ခံရရှိဖို့ရန် ဦးတည်နေလို့ပဲဖြစ်ပါတယ်။ လူရဲ့ကြိုးစားခြင်း အားဖြင့် ဘုရားသခင်ထံကို သွားလို့ရတာမဟုတ်ဘဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တခုထဲကိုယုံကြည်မှသာ ဘုရားသခင်ထံ ပြန်လာလို့ရမယ်ဆိုတာကို သိရှိခြင်းက သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့နောင်တရခြင်းတရားပဲ ဖြစ်ပါတယ်။ ဤကျမ်းစာသင်ကျောင်းသည် သာသနာပြုနေသော အမှုတော်ဆောင် ဆရာများနှင့် ကမ္ဘာအနှံ့မှ ဧဝံဂေလိ တရားဟောဆရာ များအတွက် ဝိညာဉ်ရေးရာအသက်တာ ပိုမိုတိုးတက် ကောင်းမွန်လာစေဖို့ရန်အတွက် အကူအညီပေးနိုင်သော နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဘုရားသခင်က သူ့ရဲ့အမှုတော်ဆောင်များအားဖြင့် အလုပ်လုပ်နေပါတယ်။ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ အမှုတော်ဆောင်တစ်ဦးအားဖြင့် အသင်းတော်တစ်ခု၊ လူမှုအဖွဲ့အစည်းတစ်ခု၊ မြို့တစ်မြို့မှစပြီး နိူင်ငံတစ်နိူင်ငံလုံး ပြောင်းလဲလာနိုင်လိမ့်မယ် လို့ယုံကြည်ပါတယ်။ ဘုရားသခင်ရဲ့ဧဝံဂေလိတရားကို ကမ္ဘာအရပ်ရပ်သို့ဟောပြော ဝေငှနိုင်ရန်အတွက်စစ်မှန်တဲ့ အမှုတော်ဆောင်ကောင်းမြောက်မြားစွာကို မွေးထုတ်ပေးနေတဲ့ ကျမ်းစာကျောင်းတစ်ခုအဖြစ် ကျွန်တော်တို့ Good News Theology School က ရပ်တည်လျှက်ရှိပါတယ်။