
မိတ်ဆက်
ကြိုဆိုပါသည်။
Good News Theology School အကြောင်း နိဒါန်းအမှာစကား

များစွာသောလူများသည် သခင်ယေရှုကိုယုံကြည်ပြီး ဝိညာဉ်ဘဝအသက်တာကို ကောင်းမွန်စွာအသက်ရှင် နေသည်ဟု ပြောပါသည်။ သို့သော်လည်း သူတို့၏ဝိညာဉ်ဘ၀အသက်တာ အခြေခံ အုတ်မြစ်သည် မှားယွင်းနေသောကြောင့် နေ့စဉ်ဘဝ တွင် အခက်အခဲများစွာ ကြုံတွေ့လာပါသည်။ထို့အတွက်ကြောင့် သူတို့သည် မိမိကိုယ်ကိုငြင်းပယ်ပြီးဘုရားသခင်၏ နှုတ်ကပတ် တော်တစ်ခုတည်းကိုသာ ယုံကြည်ရမည်ဖြစ်သည်။
ဝိညာဉ်အသက်တာတွင် အချို့သောအရာများ ရှင်းလင်းနားလည်မည်ဆိုလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် အင်အားကြီးမားစွာ အလုပ်လုပ်ပေးနိုင်ပါသည်။ ထို့ကြောင့် နှုတ်ကပတ်တော်တစ်ခုချင်းစီတိုင်းကို စနစ်တကျလေ့လာသင်ယူရန် အရေးကြီးပါသည်။
GGood News ကျမ်းစာသင်ကျောင်းသည် အမေရိက၊ တောင်အာဖရိက၊ အာဖရိက၊ တရုတ်ပြည်နှင့် အခြားကမ္ဘာ့ နိုင်ငံများမှ ကျမ်းစာကျောင်းသားများအတွက် ကိုရီးယားသို့ လူကိုယ်တိုင် လာရောက်သင်ကြားစရာမလိုဘဲ Online မှ တစ်ဆင့် သမ္မာကျမ်းစာကိုလေ့လာသင်ယူနိုင်ရန် အခွင့်အလမ်းတစ်ခု ဖန်တီးထားသည်။
-ဧဝံဂေလိတရားကို ဟောပြောရန်ဆန္ဒရှိသော်လည်း မည်သို့အစပြုပြီး ဟောပြောရမှန်းမသိသောသူများ၊ ဝိညာဉ်ဘ၀အသက်တာကို ယုံကြည်ခြင်းအားဖြင့် မည်သို့အစပြုလျှောက်လှမ်းရမလဲ မသိသေးသောသူများအနေဖြင့် Good News Theology ကျောင်းကို တက်ရောက်ပြီး ဝိညာဉ်ဘ၀အသက်တာကို သင်ယူနိုင်ပါသည်။ ကျမ်းစာပါအချက်အလက်များနှင့် အကြောင်းအရာများကို သင်ယူခွင့် ရရှိရုံမျှမက ကိုယ်ပိုင်ဘဝနှင့် ဘုရားသခင်ကို ယုံကြည်သော ဘဝအသက်တာအကြောင်းကိုပါ သင်ယူရမည်ဖြစ် သည်။
-သာသနာပြုတစ်ဦး မဖြစ်လာသည့်တိုင်အောင် မိတ်ဆွေတို့၏ ဘဝအသက်တာတွင် ဘုရားသခင်၏ ကြီးမြတ်လှသော ကျေးဇူးတော်ကို ရှင်းလင်းစွာသိရှိသွားမည်ဟု ယုံကြည်ပါသည်။ ဤကျမ်းစာသင်ကျောင်းကို တက်ရောက်ခြင်းအားဖြင့် မိတ်ဆွေတို့ အယောက်စီတိုင်းကို ဘုရားသခင်နှစ်သက်သော အစေခံများအဖြစ်၊ ဝိညာဉ်ရေးရာအားကြီးသော အမှုတော်ဆောင်များနှင့် သာသနာပြုများအဖြစ်သာမက ကမ္ဘာကြီးကို အလင်းဖြစ်စေမည့် သူများအဖြစ် ကောင်းချီးပြည့်ဝစေမည် ဖြစ်ပါသည်။
Pastor Ock Soo Park
Founder of Good News Mission