top of page
BLOG-blog-1920x789-set-up-bible-reading_

မိတ်ဆက် 

လုပ်ငန်းဆောင်တာ

Good News Theology Schoolသည် ဘုရားသခင်၏ အလိုတော်အတိုင်း ဧဝံဂေလိတရားကို မြေကြီးစွန်းတိုင်အောင် ဟောပြောမည့် အမှုတော်ဆောင်များအတွက် သမ္မာကျမ်းစာသင်ယူနိုင်မည့် အစီအစဉ်များ ပြုလုပ် ထားရှိပေးပါသည်။ • Good News Theology School မှ သင်ကြားပို့ချပေးမည့် သမ္မာကျမ်းစာသင်ခန်းစာများသည် သီအိုရီကို ဗဟိုပြုပြီး သင်ကြား ခြင်းထက် နှုတ်ကပတ်တော်ထဲတွင် ဖော်ပြထားသော ဝိညာဉ်ဘဝအသက်တာ တစ်နည်းအားဖြင့် ယုံကြည်ခြင်းအသက်တာကို ရှင်းလင်းတိကျစွာ ဖော်ပြသင်ကြားပေးပါသည်။ • Good News Theology Schoolသည် အပြစ်တရားအတွင်းမှ မှောင်မိုက်နေသောဘဝများ၊ စိတ်ပျက်အားနည်းနေသော ဘဝများကို ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဖြောင့်မတ်သန့်ရှင်း ခြင်းတရားထဲသို့ ဆွဲခေါ်လမ်းပြ ပေးနိုင်မည့် အမှုတော်ဆောင်များကို မွေးထုတ်သင်ကြားပေးပါသည်။

ရူပါရုံ

• Good News Theology School : ဖြောင့်မတ်ခြင်းအားဖြင့် ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲပေးနိုင်မည့် အသစ်သော ဘဝအသက်တာ

 

Good News Theology School သည် ကမ္ဘာ့နေရာအနှံ့မှ ဘုရားသခင်၏ အမှုတော်ဆောင်များကို လေ့ကျင့်သင်ကြားပေးနေသော ကျမ်းစာကျောင်းအဖြစ် လူသိများပါသည်။ ဖြောင့်မတ်ခြင်းတရားကို ရှာဖွေပြီး ဘုရားသခင်၏ ဧဝံဂေလိတရားကို မည်ကဲ့သို့ စတင်

ဟောပြောရမည်မှန်း မသိသောသူများကို သင်ကြားလမ်းပြပေးသော ကျမ်းစာကျောင်းဖြစ်ပါသည်။ ကျမ်းစာကျောင်းတက်ချင် သော်လည်း အချိန်နှင့် နေရာဒေသကွာခြားမှု၊ ခရီးသွားရန်ခက်ခဲမှုကြောင့် ပုံမှန်အတိုင်း စာသင်ခန်းထဲတွင် လာရောက် မတက်ရောက်နိုင်သော နိုင်ငံတကာမှ ကျမ်းစာကျောင်းသားများအတွက် Good News Theology School မှ Online အားဖြင့် သမ္မာကျမ်းစာကို အခြေခံပြီး ရှင်းလင်းတိကျသော ဧ၀ံ‌ဂေလိတရားကို သင်ကြားပေးကာ အမှုတော်ဆောင်ကောင်းများ မွေးထုတ်ပေးနေပါသည်။ 

 

သင်ရိုးများအားလုံးပြီးပြည့်စုံအောင် သင်ကြားပြီး၍ သင်တန်းဆင်းအသိအမှတ်ပြုလက်မှတ်ရပြီးသော ကျမ်းစာကျောင်းဆင်းများ သည် ကမ္ဘာအနှံ့သို့ ဧဝံဂေလိတရားဟောပြောရန် ပထမဆုံးခြေလှမ်းကို ရဲရဲဝံဝံလှမ်းနိုင်မည်ဟု Good News Theology School မှ အာမခံပါသည်။ သမ္မာကျမ်းစာမှသီအိုရီများနှင့် အထူးပြုတက်ရောက်ထားသော သင်ရိုးများအားဖြင့် ကျမ်းစာကျောင်းသား များသည် မိမိတို့၏ ဝိညာဥ်ရေးရာအသက်တာကို လက်တွေ့တိကျစွာလျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်။ ဘွဲ့နှင်းသဘင်တက်ရောက် ပြီးနောက်တွင် ကျမ်းစာကျောင်းသားများသည် စစ်မှန်သော ကယ်တင်ခြင်းတရားနှင့် ဝိညာဉ်ဘဝအသက်တာအကြောင်းကို လူတိုင်း အားမျှဝေဟောပြောနိုင်မည့် ဧဝံဂေလိတရား၏ စစ်သားများဖြစ်လာကြမည် ဖြစ်ပါသည်။

bottom of page