မိတ်ဆက်
သမိုင်းကြောင်း
“ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်။ မြေကြီး စွန်းတိုင်အောင်ပိုင်ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။” (ဆာလံကျမ်း ၂း၈)
တောင် - မြောက်ကိုရီးယားစစ်ပွဲအပြီး ၁၉၆၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့မှ အများလက်ခံထားသော ဧဝံဂေလိသာသနာပြုအများအပြားသည် ကိုရီးယား နိုင်ငံအတွင်းသို့ဝင်ရောက်လာပြီး သာသနာပြုကျောင်းများ တည်ထောင် ကာ အမှုတော် ဆောင်များကို မွေးထုတ်ပေးခဲ့သည်။ ဆရာကြီး Ock Soo Park သည်လည်း ထိုအထဲမှ သာသနာပြုကျောင်း တစ်ခုသို့ တက်ရောက်ခဲ့ပြီး ၁၉၇၆ ခုနှစ် တွင် Good News Theology Schoolကို တည်ထောင်အစပြုခဲ့ကာ သာသနာပြု အမှုတော်ဆောင် မြောက်မြား စွာကို နေရာအနှံ့သို့ သာသနာပြုနိုင်ရန် စေလွှတ်ခဲ့ သည်။ ၂၀၁၀ အစပိုင်း၌ ဝိညာဉ်ဘ၀ အသက်တာနှင့် သမ္မာကျမ်းစာသီအိုရီများကို လေ့လာသင်ယူချင်သူများ အတွက် Onlineမှ တစ်ဆင့် သင်ကြားပေးသည့် အစီအစဉ် ကို စတင်ပြုလုပ်ခဲ့သည်။
ယနေ့ မှာတော့ Good News Theology School တွင် ကျမ်းစာကျောင်းသားစုစုပေါင်း ၁၅၀၀၀ရှိပြီး ထိုအထဲမှအမှုတော်ဆောင် ၁၃၀၀မှာ ကမ္ဘာပေါ်ရှိနေရာဒေသ အသီးသီး၊ နိုင်ငံအသီးသီးသို့ သာသနာပြုဆရာများအဖြစ် သွားရောက်ပြီး ဧဝံဂေလိ တရားဟောပြောလျက်ရှိပါသည်။ ထို့အပြင် ထိုအမှုတော်ဆောင်ဆရာများသည် သာသနာပြုလှုပ်ရှားမှုများအဖြစ် လူငယ်အခန်းကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ဆေးဘက် ဆိုင်ရာစေတနာ့ဝန်ထမ်းကဏ္ဍနှင့် အခြားသောကဏ္ဍများကို အခြေပြုပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှ အပြစ်ထဲမှာ နစ်မြုပ်လျက်ရှိနေသော လူသားများအတွက် စစ်မှန်သော ဧဝံဂေလိတရားကို ယုံကြည်ခြင်းအားဖြင့် ဟောပြောလျက် ရှိနေကြပါသည်။
Good News Theology School သည် အခြေခံ (အင်္ဂလိပ်၊ ကိုရီးယား၊ စပိန်၊ ပြင်သစ်၊ ရုရှား၊ တူရကီ နှင့် ကမ္ဘောဒီးယား )ဘာသာစကားများဖြင့် ဒေသအသီးသီးမှ ဘာသာ စကား မတူညီသော ကျမ်းစာကျောင်းသားများအတွက် Onlineမှ သင်ကြားပို့ချသော သင်ခန်းစာများကို မိမိတို့ဘာသာစကားအလိုက် သင်ယူခွင့်ရစေရန် အခွင့်အလမ်း ဖန်တီးပေးထားပါသည်။ လက်ရှိမှာတော့ Online မှ တစ်ဆင့် သမ္မာကျမ်းစာလေ့လာ သင်ယူခြင်း အစီအစဉ်ကို နိုင်ငံပေါင်း ၉၀တွင် ပြုလုပ်လျက်ရှိနေပါသည်။