Academics
INTRODUCTION OF LECTURE
ကမ္ဘာဦးကျမ်း
ဘုရားသခင်ရဲ့ စိတ်နှင့် လူသားတွေရဲ့စိတ်သည် မတူညီပါ။ ကိုယ်ကတာဝန်ယူရမယ် ဆိုတဲ့ စိတ်နဲ့တခုခုကို လုပ်ကိုင်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးသားထဲမှာ ဝန်ထုပ်ဝန်ပိုးစတင်ခံစားလာရပြီး သခင်ယေရှုထံ အကူအညီတောင်းရမဲ့အစား ပင်ပန်းခြင်းပဲ တွေ့ကြုံလာပါသည်။ ဒီလိုဖြစ်လာခြင်းအားဖြင့် ဘုရားသခင်ရဲ့ စိတ်ကို လက်ခံရမဲ့အစား ကိုယ့်အကြံအစည် ကိုပဲ ပိုပြီး ယုံကြည်လာပါသည်။ ကမ္ဘာဦးကျမ်းကို လေ့လာခြင်းအားဖြင့် ထိုကဲ့သို့ ဝန်ထုပ်ဝန်ပိုး ခံစားနေရသော စိတ်ကို ကျမ်းစာထဲမှ ဘုရားသခင်ရဲ့ စိတ်နှင့် တွေ့ဆုံခြင်းအားဖြင့် အနိုင်ယူနိုင်ပါသည်။ ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်ပါလျှင် သေချာပေါက် ဘုရားသခင်က အလုပ်လုပ်ပေးမည်ဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် အကောင်းဆုံး လုပ်ဆောင်ရမည့် အချက်တခုမှာ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ယ ုံကြည်ဖို့ပင်ဖြစ်ပါသည်။ မိမိ၏ အကြံအစည်အားလုံးကို စွန့်ပစ်ပြီး စိတ်နှလုံးဗလာဖြင့် ကမ္ဘာဦးကျမ်းကဲ့သို့ လွတ်လပ်လဟာဖြစ်နေသော မြေကြီးကဲ့သို့ဖြစ်မည်ဆိုပါက ဘုရားသခင်၏ လမ်းပြပေးမှုကို လက်ခံပြီး ကောင်းချီးမင်္ဂလာဖြင့်ပြည့်ဝသော အသက်တာကို တွေ့ကြုံခံစားရမည်ဖြစ်ပါသည်။ ဘုရားသခင်၏ ကတိတော်များကို ယုံကြည်ခြင်းအားဖြင့် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်ရှေ့မှာ ဆက်ကပ်အပ်နှံ ထားမည်ဆိုပါက ခွန်အားနှင့်ပြည့်ဝသော စိတ်နှလုံးသားကို ပိုင်ဆိုင်ရရှိမည်မှာ ဧကန်ဖြစ်ပါသည်။