Academics
INTRODUCTION OF LECTURE
ဝတ်ပြုရာကျမ်း
ဝတ်ပြုရာကျမ်းသည် ပူဇော်သက္ကာပြုခြင်း ပညတ်တရား၊ စင်ကြယ်သောအရာ မစင်ကြယ်သောအရာကို ပိုင်းခြားခြင်းပညတ်တရား နှင့် ရုပ်ထုကိုးကွယ်ခြင်း ပညတ်တရားကို မှတ်တမ်းတင် ထားခြင်းဖြစ်ပါသည်။ ဝတ်ပြုရာကျမ်းသည် ဘုရားသခင်က လူသားများအတွက် ပြင်ဆင်ထားတဲ့ အစီအစဉ်နှင့် ဘုရားသခင်ရဲ့ စိတ်ကို ဖော်ပြထားသော အရေးပါသည့် ကျမ်းတစ်စောင်ဖြစ်ပါသည်။ ဝတ်ပြုရာကျမ်းသည် ဓမ္မသစ်ကျမ်းရှိ ဟေဗြဲဩဝါဒစာနှင့် တူညီပါသည်။ ဟေဗြဲဩဝါဒစာစောင်သည်လည်း ပညတ်တရား၊ ပူဇော်သက္ကာပြုခြင်းနှင့် ဓလေ့ထုံးစံများကို သခင်ယေရှုအားဖြင့် လုပ်ဆောင်ခဲ့ပြီးကြောင်းကို ထိုအချိန်က လူအများအား ဖော်ပြခဲ့ပါသည်။
ဝတ်ပြုရာကျမ်း၏ အဓိကအချက်များကို လေ့လာကြည့်မည်ဆိုပါက ပူဇော်သက္ကာငါးမျိုးရှိပါသည်။ မီးရှို့ရာယဇ်၊ ဘောဇဥ်ပူဇော်သက္ကာ၊ မိဿဟာယယဇ်၊ အပြစ်ဖြေရာယဇ် နှင့် ဒုစရိုက်ဖြေရာယဇ် တို့ဖြစ်ကြပြီး လေ့လာကြည့်မည်ဆိုပါက မီးရှို့ရာယဇ် “လူသားအားလုံးအတွက် အရာအားလုံး ပေးဆပ်ခဲ့သော သခင်ယေရှု၏ ယဇ်ပူဇော်ခြင်း။” ဘောဇဥ်ပူဇော်သက္ကာ “ဘုရားသခင် နှစ်သက်တော်မူသော ယုံကြည်သူများ၏ စိတ်ကမ္ဘာ” မိဿဟာယယဇ် “ဘုရားသခင်နှင့် အပြစ်အနာအဆာများသည့် လူသားတလုံးတဝထဲ ဖြစ်သွားသော ကမ္ဘာ” အပြစ်ဖြေရာယဇ် “ထာဝရကတိတော်အတိုင်း ပြုလုပ်ပေးခြင်း” ဒုစရိုက်ဖြေရာယဇ်“ဘုရားသခင်ထံ လှည့်ပြန်ပြီး ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝသည့် အသက်တာ” ဟူ၍ တွေ့ရမည်ဖြစ်ပါသည်။
ရုပ်ထုဆင်းတု၊ ပညတ်တရား နှင့် ယဇ်ပူဇော်ခြင်း အကြောင်း၏ နက်နဲလှသောအဓိပ္ပါယ်ကို ဝတ်ပြုရာကျမ်းကို လေ့လာခြင်းဖြင့် သိရှိနိုင်ပါသည်။ ဝတ်ပြုရာကျမ်းကို လေ့လာခြင်းဖြင့် ဘုရားသခင်၏ စိတ်ကို သေချာသိရှိနားလည်နိူင်မည်ဟု မျှော်လင့်ပါသည်။ နှုတ်ကပတ်တော်ကို တိကျစွာယုံကြည်ခြင်းအားဖြင့် စစ်မှန်သော ကောင်းချီးနှင့် ငြိမ်သက်ခြင်းကို ဝမ်းမြောက်စွာဖြင့် လက်ခံရရှိ နိုင်ပါသည်။

PROFESSOR
Pastor Hun Duk Lee
-
Pastor at Good News Moscow Church, Russia
-
Representative Pastor of CIS Russia
-
President of Christian Leaders Fellowship (CLF), Russia
-
Principal of Mahanaim Theology School, Russia
