top of page
bible-study.png

Academics

INTRODUCTION OF LECTURE

ဟေဗြဲဩဝါဒစာ

ဟေဗြဲဩဝါဒစာထဲတွင် ကယ်တင်ခြင်းရရှိသည့် ဟေဗြဲခရစ်ယာန်များထံသို့ ရေးသားသော အမှာစာများကို ဖော်ပြထားပါသည်။ ဟေဗြဲလူများသည် ယုဒဘာသာဝင်များ ဖြစ်ကြပြီး ပညတ်တရားအောက်တွင် ပင်ပန်းစွာ အသက် ရှင်ခဲ့သူများဖြစ်သည်။ သို့သော်လည်း ဧဝံဂေလိတရားကို ကြားရသည့်အတွက် အလွန်ဝမ်းမြောက်ပြီး ကယ်တင်ခြင်းကို လက္ခံခဲ့ကြသည်။ ယုဒဘာသာဝင်များ၏ ညှင်းပမ်းနှိပ်စက်မှုများ၊ အသက်အန္တရာယ်ပြုခြင်းများ၊ ဖြားယောင်းသွေးဆောင်မှုများ စသည့်အခက်ခဲများစွာကို ရင်ဆိုင်ခဲ့ကြသည်။ ထိုအရာများအပြင် ရောမလူမျိုးများ၏ ညှင်းပမ်းနှိပ်စက်မှု များစွာကိုလည်းထပ်မံရင်ဆိုင် ခဲ့ကြသည်။ ထိုအရာများကြောင့် အချို့သောသူတို့သည် ယုဒဘာသာဝင်သို့ ပြန်လှည့်သူများလည်း ရှိခဲ့သည်။

ပညတ်တရားများသည် ယေရှုခရစ်တော်အားဖြင့် ပြည့်စုံလာသော ပုံရိပ်ကို ဓမ္မဟောင်းကျမ်းရှိ ဝတ်ပြုရာကျမ်း တွင်သေချာဖော်ပြထားပါသည်။ ဤဘာသာရပ်တွင် ယေရှုခရစ်တော်၏ ဧဝံဂေလိတရားအားဖြင့် ကယ်တင်ခြင်းရသော ခရစ်ယာန်များ၏ အသက်ရှင်ရမည့် အသက်တာပုံစံနှင့် ဧဝံဂေလိတရား ၏ အစွမ်းအားဖြင့် ကနဦးခရစ်ယာန်တို့သည် ညှင်းပမ်းနှိပ်စက်ခြင်းများနှင့် ကြီးစွာသော ဆင်းရဲ ဒုက္ခပြသာနာများကို ကျော်ဖြတ်နိုင်ခဲ့ကြကြောင်းကို အဓိက ဖော်ပြထားပါသည်။

Book of Hebrews.jpg

Professor

Pastor Kang Bo Rhe

  • Missionary to Hong Kong 

  • Regional Director of Good News Mission Northwest Asia Region 

  • Regional Director of CLF Northwest Asia Region

  • Director of Mahanaim Theology Institute in Hong Kong

MBTC-Kwangbolee.jpeg
bottom of page